Posts

Showing posts from May 26, 2019

laptop ဝယ်မယ်ဆို ဒါလေးတွေအကြမ်းဖျင်းသိရအောင် မျှဝေတာပါ

(၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း (၂) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ဖြစ်ပါတယ် .. (၁) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း နံပါတ် (၁) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ်.ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ၊ အလယ် အလတ် တန်းစား၊ ဆင်း ရဲ တဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက် တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ (ဥပမာ ။ ။ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်း သစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hard ware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်း တွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား) ဒါမှမ ဟုတ် ဘာကြောင့် ဈေးသက်သာ နေတာ လည်း (ဥပမာ ။ ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်း နေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်း တွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိ...

HDD bad sector Check ရအောင်

Hard Disk အကြောင်း =============== Harddisk (HDD) အကြောင်းလေး လေ့လာကြည့်ရအောင်ပါ.. Harddisk ထဲမှာ သိမ်းထားသမျှ Data တွေဟာ Harddisk ရဲ့  Sector ဆိုတဲ့ အပိုင်း၊အခန်းလေးတွေမှာ သိမ်းဆည်း ထားတာဖြစ်ပါတယ်။ ကွန်ပျူတာကို အသုံးပြုတာ ကြာလာလို့ အပူတွေတက်လာတဲ့အချိန်၊အကြောင်း တစ်ခုခုကြောင့် Data သိမ်းဆည်းလို့မရတော့တဲ့ အပိုင်းများ(bad sector) ဖြစ်သွားတတ်ပါတယ်။ HDD မှာ Bad Sector တွေ များလာပြီဆိုရင်တော့ HDD ကျန်းမာရေးအခြေအနေသိပ်မကောင်း ဖြစ်လာတတ်ပြီး နောက်ဆုံး Data တွေဆုံးရှုံး ပျက်စီးသွားတတ်ပါတယ်။ HDD Space တွေ နေရာလွတ်မကျန်တာတွေဖြစ်သွားတတ်ပါတယ်။ ကွန်ပျူတာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် HDD ရဲ့  ကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ HDD Bad Sector တွေနဲ့ တစ်ခြား HDD Error တွေကို စစ်ဆေးချင်တယ်၊ပြဿနာဖြစ်နေရင် ပြန်လည်ကောင်းမွန်လာအောင်ပြုလုပ်ချင်တယ် ဆိုရင် Cmd ကို Admin Right နဲ့ ဖွင့်လိုက်ပါ။ Cmd မှာ chkdsk ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။ HDD Partition Size များရင် များသလောက် စစ်ဆေးတဲ့ အချိန်ကြာနိုင်ပါတယ်။ chkdsk Command က HDD Partition အားလုံးကိ...

Hard disk ရဲ့အလုပ်လုပ်နေပုံ

Image
Computer မှာသုံးနေတဲ့ Hard Disk တွေ ဘယ်လိုအလုပ်လုပ်သလဲ? Computer မှာ သုံးနေတဲ့ Storage Device အမျိုးမျိုး ရှိပါတယ်။ Hard Disk Drive (HDD)၊ Solid State Disk (SSD) နဲ့ Solid State Hybrid Disk (SSHD) ဆိုပြီး ၃ မျိုးရှိသလို တခုချင်းစီ ဘယ်လို အသုံးပြုသင့်လဲ? ဘယ်လို Function နဲ့ အလုပ်လုပ်လဲ သိရအောင် Storage Component တွေ အကြောင်း ဖော်ပြသွားပါ့မယ်။ Hard Disk Drive (HDD) တွေ ဘယ်လို အလုပ်လုပ်ပါသလဲ HDD ကို Magnetic Storage Device လို့ နောက်တစ်မျိုး ပြောလေ့ရှိပြီး လှုပ်ရှားနိုင်တဲ့ Electro-magnetic Mechanical Component တွေ ပါဝင်ပါတယ်။ HDD တွေမှာ Data (Read/Write) ရေး/မှတ်ပေးမယ့် Electro-magnetic Actuator Arm တစ်ခုပါဝင်ပြီး အဲ့ဒီ Arm လေးဟာ လည်ပတ်နေတဲ့ Magnetic Disk ရဲ့ Storage Platter မျက်နှာပြင်ပေါ်မှာ Data တွေကို ရေးသားပေးတာပါ။ Mechanical Component တွေ လှုပ်ရှားနိုင်ဖို့ အတွက် Electric Motor နှစ်ခု ပါဝင်ပြီး Disk နဲ့ Actuator Arm လည်ပတ်ပေးဖို့အတွက်ဖြစ်ပါတယ်။ A Brief Description of Hard Disk HDD တွေရဲ့ Data Read Method ဟာ Data တွေကို တစ်ခါတည်း Encrypted လုပ်ထားတာဖြစ်ပြီး Storage Platter ထဲ...