Posts

Showing posts from January 25, 2015

ကျန်းမာပျော်ရွှင်သောဘ၀ ရရှိစေမည့် နည်းလမ်းများ

ကျန်းမာပျော်ရွှင်သောဘ၀ ရရှိစေမည့် နည်းလမ်းများ အိပ်ရာမှထပြီးနံနက်ခင်းတွင် ပြုလုပ်သောလုပ်ဆောင်ချက်များသည် ဘ၀ပျော်ရွှင်မှု ရရှိစေတဲ့ အကောင်းဆုံးဆောင်ရွက်ချက်များ ဖြစ်ပါတယ်။ နံနက်ခင်းမှာစိတ်အေးချမ်းလန်းဆန်းနေမယ်ဆိုရင် သင့်ရဲ. တစ်နေ.တာလုံး ဖြစ်ပျက်လာမယ့် ကိစ္စအ၀၀ကို ရင်ဆိုင်ဖြေရှင်း နိုင်မှာဖြစ်ပါတယ်။ သင့်အတွက် နေ.သစ်တိုင်းရဲ. အစမှာကျန်းမာပျော်ရွှင် မင်္ဂလာရှိနေစေဖို. လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ ၁။ ဒီနေ.လုပ်ရန် အစီအစဉ်များချရေးပါ။ အိပ်ရာကနေ နိုးထလာတဲ့ အချိန်မှာအချိန်စက္ကန်. ၃၀ လောက်ပေးပြီးတစ်နေ.တာလုပ်ရမယ်. ကိစ္စရပ်တွေကို ချရေးပါ။ (၀ါ) စိတ်နှင့်တွေးကြံအစီအစဉ် ဆွဲပါ။ ဒီလိုအစီအစဉ် ရေးဆွဲခြင်းသည် တစ်နေ.တာ လုပ်ဆောင်စရာများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်တတ်လာပါမယ်။ ၂။ ရေတစ်ခွက်သောက်ပါ။ ရေနွးနွေးတွင် သံပရာရည်နှင့် ပျားရည်ထည့်ပြီး ရောမွှေသောက်ခြင်းဖြင့် စိတ်ကို ကြည်လင်စေပါတယ်။ တစ်နေ.ကိုရေသုံး၊ လေးလီတာလောက် သောက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝ၍ ခန္ဓာကိုယ်မှ အဆိပ်များကိုကောင်းစွာစွန်.ထုတ်နိုင်ပါတယ်။ ...

ဟာသ အတိုထွာလေးများ

Image
ကိုဖိုးသူတော်ဆီမှပြန်ကူးပေးထားတာပါ ခင်ပွန်းသည် "အချစ်ရေ .. သူဌေးက ကိုယ့်ကို သူ့နဲ့ တစ်ပတ်လောက် တရုတ်ပြည်လိုက်ပြီး ငါးလိုက်မျှားဖို့ ခေါ်နေတယ်ကွာ။ "ရာထူးတက်ဖို့အတွက် ဒါဟာ အခွင့်ကောင်းတစ်ခုပဲကွ။ ဒါကြောင့် ကိုယ့်အတွက် တစ်ပတ်စာ အ၀တ်အစားတွေ ပြင်ပေးပါလား။ ငါးမျှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူ့သေတ္တာထဲ ထည့် ပေးထားဦးနော်။ "ကိုယ်တို့ ရုံးကနေပဲ တန်းသွားကြမှာ။ ကိုယ့်အတွက် ပြင်ပေးထားတဲ့ပစ္စည်း တွေကို သွားရင်းနဲ့ ၀င်ယူမယ်။ ဪ .. ဒါနဲ့ မိန်းမရေ ..ကိုယ့်ရဲ့ အပြာရောင်ပိုးသားညအိပ်ဝတ်စုံအသစ်လေးလည်း ထည့်ပေးလိုက်နော်" ဇနီးသည်ဟာ သူ့ခင်ပွန်းသည် အမူအရာနဲ့ ပြောဆိုနေတာတွေကို သင်္ကာမကင်းဖြစ်ပေမယ့် အိမ်ရှင်မကောင်းဖြစ်တာကြောင့် ယောက်ျားလုပ်သူပြောတဲ့အတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။ နောက်တစ်ပတ်အကြာမှာ အမျိုးသား အိမ်ပြန်ရောက်လာပါတယ်။ သူ့ပုံစံ က အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမယ့် နုပျိုကြည့်ကောင်းနေပါတယ်။ အမျိုးသမီးဟာ ခရီးကပြန်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုပြီး ငါးတွေအများကြီး ဖမ်းမိခဲ့လားလို့ မေးလိုက်ပါတယ်။ အမျိုးသားက "ဖမ်းမိတာပေါ့ ... မိန်းမရဲ့။ ဆော်မွန်ငါးတွေဆို အများကြီးရတယ်။ ...

ကြက်ဟင်းခါး သီး၏ ကျန်းမာရေး အတွက် အထောက်အကူ

Image
ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အာဟာရတန်ဖိုး ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူးများ (၁) သွေးပြဿနာများ ကြက်...