ကျန်းမာပျော်ရွှင်သောဘ၀ ရရှိစေမည့် နည်းလမ်းများ

ကျန်းမာပျော်ရွှင်သောဘ၀ ရရှိစေမည့် နည်းလမ်းများ
အိပ်ရာမှထပြီးနံနက်ခင်းတွင် ပြုလုပ်သောလုပ်ဆောင်ချက်များသည် ဘ၀ပျော်ရွှင်မှု ရရှိစေတဲ့ အကောင်းဆုံးဆောင်ရွက်ချက်များ ဖြစ်ပါတယ်။ နံနက်ခင်းမှာစိတ်အေးချမ်းလန်းဆန်းနေမယ်ဆိုရင် သင့်ရဲ. တစ်နေ.တာလုံး ဖြစ်ပျက်လာမယ့် ကိစ္စအ၀၀ကို ရင်ဆိုင်ဖြေရှင်း နိုင်မှာဖြစ်ပါတယ်။ သင့်အတွက် နေ.သစ်တိုင်းရဲ. အစမှာကျန်းမာပျော်ရွှင် မင်္ဂလာရှိနေစေဖို. လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။
၁။ ဒီနေ.လုပ်ရန် အစီအစဉ်များချရေးပါ။
အိပ်ရာကနေ နိုးထလာတဲ့ အချိန်မှာအချိန်စက္ကန်. ၃၀ လောက်ပေးပြီးတစ်နေ.တာလုပ်ရမယ်. ကိစ္စရပ်တွေကို ချရေးပါ။ (၀ါ) စိတ်နှင့်တွေးကြံအစီအစဉ် ဆွဲပါ။ ဒီလိုအစီအစဉ် ရေးဆွဲခြင်းသည် တစ်နေ.တာ လုပ်ဆောင်စရာများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်တတ်လာပါမယ်။
၂။ ရေတစ်ခွက်သောက်ပါ။
ရေနွးနွေးတွင် သံပရာရည်နှင့် ပျားရည်ထည့်ပြီး ရောမွှေသောက်ခြင်းဖြင့် စိတ်ကို ကြည်လင်စေပါတယ်။ တစ်နေ.ကိုရေသုံး၊ လေးလီတာလောက် သောက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝ၍ ခန္ဓာကိုယ်မှ အဆိပ်များကိုကောင်းစွာစွန်.ထုတ်နိုင်ပါတယ်။
၃။ နံနက်ခင်းနေရောင်ခြည်နှင့် သဘာဝအလှကို ခံစားပါ။
နံနက်ခင်းနေရောင်ခြည်အောက်တွင် နေပူဆာလှုံပေးခြင်းဖြင့် ဗီတာမင်ဒီ ချို.တဲ့၍ ဖြစ်တတ်သော ရောဂါများကို သက်သာစေပြီး ခွန်အားကို တိုးစေပါတယ်။ နံနက်ခင်းသဘာဝအလှနှင့် ကျေှးငှက်တို.၏ တေးသံကို နားဆင်ခံစားခြင်း၊ လေကောင်းလေသန်. ရှူခြင်းတို.သည် စိတ်ကိုကြည်လင် အားရှိစေပါတယ်။
၎။ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
လေ့ကျင့်ခန်းများပြုလုပ်ပါက ကျန်းမာရေးအခြေအနေကို မြှင်.တင်ပေးပြီး စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းတို. မဖြစ်အောင် ဟန်.တား ကူညီပေးနိုင်တဲ့ ဓာတုပစ္စည်များကို ဦးနှောက်မှ ထုတ်ပေးပါတယ်။ ကျနော်တို.ဟာ ကိုယ်အလေးချိန်ကျဖို. ရောဂါများပျောက်ကင်းဖို. ရည်ရွယ်ချက်များနှင့် လေ့ကျင့်တာထက် နေ.စဉ် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းရဲ. ရလဒ်များဖြစ်တဲ. ကိုယ်စိတ်နှစ်ပါး ပေါ့ပါး ပျော်ရွှင် ကျေနပ်မှုရတာကို မြင်ပါ။
၅။ မှန်ကန်စွာ စားသောက်နေထိုင်ပါ။
ကျနော်တို. ဘာစားစားစားသမျှအစာအားလုံးသည် ကျနော်တို.၏ စိတ်ခံစားမှုနှင့် ခွန်အားဖြစ်မှု နှစ်ခုလုံးကိုစားသောက်ပြီးအချိန်တိုတွင်းနှင့် နောင်ကျန်းမာရေးအခြေအနေကိုပါ သက်ရောက်စေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ငါး၊ ဆန်လုံးညို(၀ါ) လုံးတီးဆန် စသည်တို.ကိုစားသောက်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာစေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ နံနက်စာကို အရောင်အသွေးစုံတဲ့ သစ်သီး၊ အသီးအရွက်ဖျော်ရည်၊ ကြက်ဥ(၀ါ) ဘဲဥတစ်လုံးကြော်ပြီး ထမင်းပူပူနှင့် စားပါက တစ်နေ.တာလုံး ခွန်အားဖြစ်စေပါတယ်။
၆။ ရေအေးအေးလေး ချိုးပါ။
ရေအေးအေးလေး ချိုးခြင်းရဲ.အကျိုးက ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ မနက်စောစောနှင့် အလုပ်မှပြန်လာပြီး ရေချိုးခြင်းသည် စိတ်ကို လန်းဆန်း တက်ကြွစေပါတယ်။
၇။ ကောင်းသောအရာများကို အာရုံစိုက်ပါ။
ကောင်းသောအရာများကိုလုပ်ဆောင်ဖြစ်ရန် ကောင်းတဲ့အရာများကိုအာရုံစိုက်ပါ။ ယခုကောင်းမှ နောင်ကောင်းမှာ ဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးများကိုပယ်ဖျောက်ပြီးသင့်ကိုယ်သင် ယုံကြည်မှုရှိပါ။ မကောင်းမြင်စိတ်ကြောင့် ကျန်းမာရေးကိုထိခိုက်စေပြီးစိတ်မချမ်းမြေ့မှုများခံစားရပါမယ်။
၈။ ကျေးဇူးတင် စကားများပြောပါ။
လူတို.သည် ကိုယ်ရရှိ ပိုင်ဆိုင်ထားသည့် အရာများကို ကံကောင်း၍ ရတယ်လို. ကျေးဇူးတင်တတ်ခြင်းဖြင့် စိတ်ဆင်းရဲမှု မဖြစ်တော့ပဲကိုယ်.ကိုယ်ကိုယ် အကောင်းမြင်တတ်လာပါမယ်။ နံနက်နိုးထလာတဲ့အခါ ကျန်းကျန်းမာမာအသက်ရှင်နေရ၍ကောင်းမှုများ ပြုလုပ်ခွင့်ရမည်ကိုစတင် ကျေးဇူးတင်ရပါမယ်။ သင်၏အနာဂါတ်သည် သင်ဒီကနေ. တွေးလိုက်သောအတွေးအကြံများပေါ်မူတည်ပါတယ်။ ထို.ကြောင်. အကောင်းအဆိုးအခြေအနေ နှစ်ရပ်လုံးကိုအကောင်းမြင်စိတ်ဓါတ်နှင့် ဆောင်ရွက်တတ်ခြင်းဖြင့် လိုရာရည်မှန်းချက်ကိုရောက်နိုင်ပါတယ်။
၉။ သင့်ကိုယ်သင် ကျေနပ်ပီတိ ဖြစ်အောင်နေပါ။
ဘ၀အဖော်မွန်၊ စီးပွားဥစ္စာ၊ ရာထူးဂုဏ် တို.ပြည့်စုံ၍ ကျေနပ်ပီတိ ဖြစ်ရခြင်းသည် ဘ၀အလှည့်အပြောင်းများ ကြုံလာပါက ဆောက်တည်ရာမရ ဖြစ်တတ်ပါတယ်။ သင့်ကိုယ်နှင့် အခြားလူများကို မေတ္တာနှင့် ယှဉ်သောစိတ်ထား တတ်မှသာ တကယ့်ကျေနပ် အေးချမ်းမှုကို ရရှိမှာဖြစ်ပါတယ်။ မေတ္တာ၏ စွမ်းအားသည် အလွန်အေးမြ၍ မေတ္တာရှင်များနှင့် ပေါင်းသင်း ဆက်ဆံရခြင်းဖြင့် ယင်းတို.၏ အေးမြတဲ့ မေတ္တာဓါတ်သည် ဘေးပတ်ဝန်ကျင်ကိုပါ အေးမြစေပါတယ်။
၁၀။ သင်၏ အသက်အရွယ်ကိုမေ့ထားပါ။
လုပ်သင့် လုပ်ထိုက်သောကိစ္စများဆောင်ရွက်နိုင်ရန် အသက်အရွယ်ထက် စိတ်ဓါတ်သည် အဓိကကျပါတယ်။ သင့်ကိုသင် အသက်အရွယ်နှင့် ဘောင်သတ်မှတ်ခြင်း၊ အခြားသူများ၏ ဘောင်သတ်မှတ် ခံရခြင်းတို. မဖြစ်စေဘဲ ဖြစ်အောင်လုပ်မည် ငါလုပ်နိုင်သည်ဟုအားပေးပါ။
၁၁။ ပြုံး၊ရယ်ပါ။
ပြုံး၊ ရယ်ခြင်းသည် အသက်ရှည်စေပါတယ်။ နာကျင်မှုဝေဒနာကို တစ်ဝက်သက်သာစေပြီး မျက်နှာအရေး အကြောင်းများကို သက်သာစေပါတယ်။ ဟန်ဆောင်ပြုံး၊ လောဘပြုံးများ မဟုတ်ပဲ ရင်ထဲကလာသော အပြုံးမျက်နှာ ပိုင်ရှင်ဖြစ်အောင် သင်၏စိတ်ကို သတိနှင့် ပြုပြင်ရင် ရပါတယ်။
၁၂။ သင့်ကိုယ်သင် သုံးသပ်ရန် အချိန်တို တစ်ခုပေးပါ။
တစ်နေ.လုံးသင်ဆောင်ရွက်ခဲ့သည်များကို ပြန်လည်သုံးသတ်ပါ။ ထိုသို. သုံးသပ်ပေးခြင်းဖြင့် သင်၏လိုအပ်ချက်များကို ပြုပြင်နိုင်ပါလိမ့်မယ်။ အကြံဉာဏ်ကောင်များလည်း ရရှိစေပါတယ်။
ဒီလိုအခြေခံကျတဲ့ အချက်လေးတွေကိုမိဘပြည်သူအများသိရှိပြီးလိုက်နာကျင့်သုံးမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်သည့်အပြင် ဘ၀ရဲ. ရည်မှန်းချက် ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းအတွက် ဘ၀ရဲ. တိုက်ပွဲထက် မိမိရဲ. စိတ်ခံစားဆုံးဖြတ်ချက်တွေကိုမှန်ကန်စွာဆုံးဖြတ်ချက် ချနိုင်ကြပါစေ။
ယုစန္ဒာခိုင်(ယောဂနည်းပြ) TALENT OF MEDITATION AND YOGA
09 - 730 37157

Comments

Popular Post

မြန်မာဝထ္ထု စာအုပ်နှင့် ဆောင်းပါးကဗျာများ စုစည်းမှု

Samsung SCH-I500 Fascinate

huawei t8830 pro root and recovery, googleapplications သွင်းနည်း