Hard disk ရဲ့အလုပ်လုပ်နေပုံ
Computer မှာသုံးနေတဲ့ Hard Disk တွေ ဘယ်လိုအလုပ်လုပ်သလဲ?
Computer မှာ သုံးနေတဲ့ Storage Device အမျိုးမျိုး ရှိပါတယ်။ Hard Disk Drive (HDD)၊ Solid State Disk (SSD) နဲ့ Solid State Hybrid Disk (SSHD) ဆိုပြီး ၃ မျိုးရှိသလို တခုချင်းစီ ဘယ်လို အသုံးပြုသင့်လဲ? ဘယ်လို Function နဲ့ အလုပ်လုပ်လဲ သိရအောင် Storage Component တွေ အကြောင်း ဖော်ပြသွားပါ့မယ်။
Hard Disk Drive (HDD) တွေ ဘယ်လို အလုပ်လုပ်ပါသလဲ
HDD ကို Magnetic Storage Device လို့ နောက်တစ်မျိုး ပြောလေ့ရှိပြီး လှုပ်ရှားနိုင်တဲ့ Electro-magnetic Mechanical Component တွေ ပါဝင်ပါတယ်။ HDD တွေမှာ Data (Read/Write) ရေး/မှတ်ပေးမယ့် Electro-magnetic Actuator Arm တစ်ခုပါဝင်ပြီး အဲ့ဒီ Arm လေးဟာ လည်ပတ်နေတဲ့ Magnetic Disk ရဲ့ Storage Platter မျက်နှာပြင်ပေါ်မှာ Data တွေကို ရေးသားပေးတာပါ။ Mechanical Component တွေ လှုပ်ရှားနိုင်ဖို့ အတွက် Electric Motor နှစ်ခု ပါဝင်ပြီး Disk နဲ့ Actuator Arm လည်ပတ်ပေးဖို့အတွက်ဖြစ်ပါတယ်။
A Brief Description of Hard Disk
HDD တွေရဲ့ Data Read Method ဟာ Data တွေကို တစ်ခါတည်း Encrypted လုပ်ထားတာဖြစ်ပြီး Storage Platter ထဲမှာ အစီအစဉ်အတိုင်း (Sequentially) ဒါမှမဟုတ် တစ်ခုချင်းစီ (Individually ) သိမ်းဆည်းမှာဖြစ်ပါတယ်။ နောက် Data တွေကို Non-Volatile Memory (NVM) အနေနဲ့ သိမ်းဆည်းမှာဖြစ်လို့ External Power မရှိလဲ ပျာက်ပျက်သွားမှာ မဟုတ်ပါဘူး။ HDD အားနည်းချက်က ရွေ့လျားနိုင်တဲ့ Physical Part တွေကြောင့်ဖြစ်ပြီး မတော်တဆ ထိခိုက်တာ၊ ပြုတ်ကျတာမျိုး မခံနိုင်ပါဘူး။ Data (Read/Write) ရေး၊ ဖတ်နှုန်းကို Revolution per Minute (RPM) လို့ ခေါ်တဲ့ Platter Rotation Speed နဲ့တိုင်းတာလို့ SSD လောက် မမြန်ပါဘူး။ 7200 RPM ရှိတဲ့ HDD တစ်လုံးဟာ အများဆုံး 100MB/s နဲ့ Read/Write လုပ်ပေးနိုင်ပါတယ်။
Hard Disk Drive တွေ ဘယ်လို ပေါ်ပေါက်လာတာလဲ
ပထမဦးဆုံး HDD ဖြစ်တဲ့ IBM 350 (RAMAC) ကို IBM (International Business Machines) ကုမ္ပဏီကနေ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလမှာ မိတ်ဆက်ခဲ့ပါတယ်။ အဲ့တုန်းက IBM 350 ရဲ့ အရွယ်အစားဟာ အခုခေတ် ရေခဲသေတ္တာ နှစ်လုံးစာရှိပါတယ်။ သူ့ထဲမှာ တစ်ပေခန့် ရှည်လျားတဲ့ Actuator Arm နှစ်ခု ပါဝင်မှာပြီး အထူ ၁.၈ လက်မနဲ့ အချင်း ၂၄ လက်မ အရွယ်အစားရှိတဲ့ Disk Platter အခု ၅၀ ပါဝင်ပါတယ်။ အဲ့ဒီလို အရွယ်အစား အကြီးမားဆုံး IBM 350 က 5 MB (Megabyte) ပမာဏခန့်သာ သိမ်းဆည်းထားနိုင်မှာ ဖြစ်တဲ့အတွက် အခုခေတ် MP3 သီချင်းတစ်ပုဒ်စာတောင်မရှိခဲ့ပါဘူး။
IBM 350 (RAMAC)
ဒီ IBM ရဲ့ RAMAC HDD ဟာ ကန်ဒေါ်လာ ၅၀,၀၀၀ ခန့် ($၁၀,၀၀၀ per Megabyte) တန်ဖိုးရှိပြီး Built-in Hard Disk အမျိုးအစားလဲဖြစ်ပါတယ်။ IBM 350 ရဲ့ နောက်မျိုးဆက်သစ်အနေနဲ့ ၁၉၆၃ ခုနှစ်မှာ Removable လုပ်နိုင်တဲ့ Hard Disk နောက်တစ်မျိုးကို IBM က ထပ်မံမိတ်ဆက်ပေးခဲ့ပြီး 2.6 MB သိမ်းဆည်းနိုင်ပါတယ်။ IBM ကုမ္ပဏီဟာ Hard Disk Development အပိုင်းမှာ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး ၁၉၈၀ လောက်မှာတော့ ပထမဦးဆုံး Storage အနေနဲ့ 1 GB [Gigabyte] ပမာဏ ဝင်ဆံ့မယ့် Hard Disk ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၃ လောက်မှာ IBM နဲ့ အပြိုင် Rodmie ကုမ္ပဏီကနေ ပထမဦးဆုံး အသေးငယ်ဆုံး Hard Disk ကိုမိတ်ဆက်ပေးခဲ့ပြီး အရွယ်အစားနေနဲ့ ၃.၅ လက်မခန့်သာ ရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Storage ပမာဏ 10 MB ပမာဏခန့်သာ အသုံးပြုနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၄၀,၀၀၀ ဒေါ်လာ ကျသင့်မယ့် အားနည်းချက်တွေရှိနေခဲ့ပါတယ်။
Rodmie Hard Disk
ဒီလိုနဲ့ ၁၉၈၀ နောက်ပိုင်း Hard Disk တွေ့ရဲ့ အရေးပါမှု သိသိသာသာ တိုးမြှင့်လာခဲ့တာဖြစ်ပြီး Hard Disk ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပြိုင် ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်လောက်မှာတော့ Seagate ကုမ္ပဏီကနေ ပထမဦးဆုံး 7200 RPM ရှိတဲ့ Hard Disk ကိုမိတ်ဆက်ပေးခဲ့ပြီး 10,000 RPM နဲ့ 15,000 RPM ရှိတဲ့ Hard Disk တွေကို ၁၉၉၆ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဆက်လက် မိတ်ဆက်ပေးခဲ့ပါတယ်။
Hard Disk တွေဟာ Data တွေကို ဘယ်လို (Read/Write) ရေးဖတ်သလဲ
Hard Disk တွေမှာ Physical Moving Part တွေ ပါဝင်တယ်လို့ သိပြီးတဲ့အတိုင်း Data Write/Read လုပ်နိုင်ဖို့ HDD ရဲ့ Controller က ဆောင်ရွက်ပေးရတာပါ။ HDD တွေမှာ Data Read/Write Process ၂ မျိုးပါဝင်မှာ ဖြစ်ပြီး ပထမဦးဆုံး အနေနဲ့ Operating System ကနေ Controller ကို Data Read/Write လုပ်ဖို့ File Location ရွေးချယ်စီစစ်ပေးပါတယ်။ ဒုတိယအနေနဲ့ Controller က Storage Disk ထဲက ဘယ် File Allocation Tab (FAT) ထဲမှာ Data Read/Write လုပ်မယ်ဆိုပြီး Actuator Arm ကို ရွေ့လျားစေမှာပါ။ အဲ့ဒီလို လည်ပတ်နေတဲ့ Storage Platter ရဲ့ မျက်နှာပြင်မှာ Data တွေကို တစ်ခါတည်း Encrypted လုပ် အလိုအလျောက် ရေးမှတ်သွားမှာ ဖြစ်ပါတယ်။ [Encrypted Data ကို Cipher Text လို့ ရည်ညွန်းလေ့ရှိပြီး Data အလွယ်တကူ Access လုပ်မရအောင် ကာကွယ်တဲ့ Data Protection Method လို့သုံးနှုန်းပါတယ်]
Data Read/Write Method Description
Digital Electronics ရဲ့ Data Read/Write Method အတိုင်း (Input Command Read “0” Write “1”) HDD မှာ အသုံးပြုတဲ့အတွက် Data Read/Write လုပ်တဲ့အခါ ကွန်ပျူတာ နားလည်အောင် Magnetic Polaris သဘောတရားအရ South to North Pole ကို Write “0” Command နဲ့ North to South Pole ကို Read “1” Command လို့ Data တွေကို Sequentially or Individually Data Read/Write လုပ်ပေးတာပါ။ အဲ့ဒါကြောင့်ပဲ Hard Disk တွေကို Magnetic Storage လို့ ခေါ်ကြတာဖြစ်ပါတယ်။ HDD တွေကို အများသောအားဖြင့် IDE (Integrated Drive Electronics) Interface နဲ့ SATA (Serial Advanced Technology Attachment) Interface အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။
Crd#
Comments
Post a Comment
အကြံပြုခဲ့နိုင်ပါတယ် သူငယ်ချင်း