HDD bad sector Check ရအောင်
Hard Disk အကြောင်း
===============
Harddisk (HDD) အကြောင်းလေး လေ့လာကြည့်ရအောင်ပါ..
Harddisk ထဲမှာ သိမ်းထားသမျှ Data တွေဟာ Harddisk ရဲ့ 
Sector ဆိုတဲ့ အပိုင်း၊အခန်းလေးတွေမှာ သိမ်းဆည်း
ထားတာဖြစ်ပါတယ်။ ကွန်ပျူတာကို အသုံးပြုတာ
ကြာလာလို့ အပူတွေတက်လာတဲ့အချိန်၊အကြောင်း
တစ်ခုခုကြောင့် Data သိမ်းဆည်းလို့မရတော့တဲ့
အပိုင်းများ(bad sector) ဖြစ်သွားတတ်ပါတယ်။
HDD မှာ Bad Sector တွေ များလာပြီဆိုရင်တော့
HDD ကျန်းမာရေးအခြေအနေသိပ်မကောင်း
ဖြစ်လာတတ်ပြီး နောက်ဆုံး Data တွေဆုံးရှုံး
ပျက်စီးသွားတတ်ပါတယ်။ HDD Space တွေ
နေရာလွတ်မကျန်တာတွေဖြစ်သွားတတ်ပါတယ်။
ကွန်ပျူတာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိ
အသုံးပြုနေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် HDD ရဲ့ 
ကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
HDD Bad Sector တွေနဲ့ တစ်ခြား HDD Error
တွေကို စစ်ဆေးချင်တယ်၊ပြဿနာဖြစ်နေရင်
ပြန်လည်ကောင်းမွန်လာအောင်ပြုလုပ်ချင်တယ်
ဆိုရင် Cmd ကို Admin Right နဲ့ ဖွင့်လိုက်ပါ။
Cmd မှာ chkdsk ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
HDD Partition Size များရင် များသလောက်
စစ်ဆေးတဲ့ အချိန်ကြာနိုင်ပါတယ်။ chkdsk
Command က HDD Partition အားလုံးကို
စစ်ဆေးပေးသွားမှာပါ။ တကယ်လို့ Partiton
တစ်ပိုင်းတည်းကိုပဲ စစ်ဆေးချင်တယ်ဆိုရင်
chkdsk D:\ စသည်ဖြင့် ရိုက်ထည့်ပေးရမယ်။
ပြဿနာဖြစ်နေတဲ့ အပိုင်း၊ bad Sector ကို
စစ်ဆေးတဲ့အချိန်မှာ တစ်ခါတည်း ပြန်လည်
ပြုပြင်စေလိုတယ်ဆိုရင် chkdsk /f ကို ရိုက်
ထည့်ပေးရပါမယ်။ /f ဆိုတာက HDD ရဲ့ 
Error များကို Fix လုပ်၊ပြုပြင်ပေးတာကို
ဆိုလိုပါတယ်။ chkdsk d: /f /r /x နဲ့ လည်း
စစ်ဆေးနိုင်ပါတယ်။

Comments
Post a Comment
အကြံပြုခဲ့နိုင်ပါတယ် သူငယ်ချင်း